MMGK

Myanmar Good Knowledge Co.,Ltd

နှုတ်ခွန်းဆက်စကား

ဂျပန်နိုင်ငံမှာဘွဲ့လွန်ပညာသွားရောက်သင်ယူခဲ့ ၍ ဂျပန်မှာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ များကိုအခြေခံပြီး ဒုတိယဇာတိမြေ (တကယ်တော့ ကျွန်မရဲ့သားနှစ်ယောက် မွေးရပ်မြေ) ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံနှင့် အမိမြန်မာနိုင်ငံကို စီးပွါးရေးကူးလူးဆက်ဆံမှုတိုးတက်စေရန် ရည်သန် လျှက် မြန်မာကောင်းသုတကုမ္ပဏီကို တည်ထောင်လိုက်ပါတယ်။ နှစ်နိုင်ငံမှ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ တစ်ဦးချင်းအလိုက် သက်ဆိုင်ရာနိုင်ငံများတွင် လုပ်ငန်းများ လုပ်ဆောင်ရာမှာ ပူးပေါင်းကူညီဆောင်ရွက်မည့် ကုမ္ပဏီဖြစ်ပါတယ်။ကျွန်မအနေနဲ့ရန်ကုန်တက္ကသိုလ်ကျောင်းတက်စဉ်ကာလကတည်းက ဂျပန်နိုင်ငံ မှ လာရောက်ဖွင့်လှစ် သည့် ကုမ္ပဏီတစ်ခု တွင် အလုပ်စတင်လုပ်ကိုင်ခဲ့ရာ မှNGO နဲ့ အခြားဂျပန်ကုမ္ပဏီများ တွင်ပါ ဆက်တိုက်ဆိုသလို အလုပ်လုပ်ရင်းမြန်မာပြည်တွင်းရှိ ဂျပန်စီးပွါးရေး လောကတွင်ကျင်လည်နေခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံများအပြင် ဂျပန်စာကျွမ်းကျင်မှု Level 1 ကိုအောင် မြင်ခဲ့ပြီး တဲ့ နောက်မှာတော့ ဂျပန်ကိုကျောင်းတက် ရန် သွားရောက်ခဲ့ပါတယ်။ ၂၀ဝ၇ခုနှစ် တွင် နဂိုယာတက္ကသိုလ်ရဲ့ နိုင်ငံတကာဘာသာစကားနှင့်ယဉ်ကျေးမှုဌာနမှ ဘွဲ့လွန်တန်းကို တက်ရောက်သင်ကြားပြီး မတူကွဲပြားယဉ်ကျေးမှု ဆက်ဆံရေးဘာသာရပ်နဲ့ ဘာသာဗေဒဘွဲ့လွန် ဘွဲ့ကိုရရှိခဲ့ပါတယ်။ ကျောင်းပြီးပြီးချင်း မှာပင် တိုကျိုမြို့ ရှိအိုင်တီကုမ္ပဏီတစ်ခုရဲ့ စီမံရေးရာဌာန၊ ဝန်ထမ်းခန့်ထားရေးလေ့ကျင့်ရေးဌာနတို့ တွင်အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၀နှစ်နီးပါးဂျပန် တွင် မိသားစုနဲ့ အတူနေထိုင်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာတော့ဂျပန်နိုင်ငံရဲ့ အိုင်တီကုမ္ပဏီကြီးတစ်ခုက မြန်မာနိုင်ငံမှာကုမ္ပဏီတိုးချဲ့ ဖွင့်လှစ် ရန် အတွက် ဒေသခံစီမံခန့်ခွဲသူတစ်ယောက်အဖြစ်နဲ့ အလုပ်ခန့်အပ်လိုက်လို့ မြန်မာနိုင်ငံကို မိသားစုအားလုံးနဲ့ပြန်လာခဲ့ပါတယ်။ အဆိုပါအိုင်တီကုမ္ပဏီစတင်တည်ထောင်နိုင်ခဲ့ပြီး ကုမ္ပဏီလုပ်ငန်းစီမံခန့်ခွဲမှုများကိုလည်း အခြေချပေးနိုင်ခဲ့ပါတယ်။ဂျပန်နိုင်ငံစီးပွါးရေး လောကမှရရှိခဲ့တဲ့အတွေ့အကြုံများ၊ ကျွန်မရဲ့ လူမှုဆက်ဆံရေးနယ်ပယ်၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသောနိုင်ငံခြားကုမ္ပဏီတည်ထောင်မှု စတဲ့ အတွေ့အကြုံတွေကို အသုံးချပြီး မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်မည့် ဂျပန်ကုမ္ပဏီများ နှင့် ဂျပန်နိုင်ငံနှင့်လုပ်ငန်းလုပ်ဆောင်လိုသော မြန်မာစီးပွါးရေးလုပ်ငန်းရှင်များ ၏ လုပ်ကိုင်ဆောင်ရွက်မှုများ ကို ပိုမိုကျယ်ပျံ့တွင်ကျယ်စွာ ဆောင်ရွက် နိုင် ရန် လိုအပ်သောလုပ်ငန်းများဖြစ်သည့် လုပ်ငန်းဖြစ်နိုင်ခြေစစ်တမ်း ကောက် ယူခြင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်ခြင်း၊ စီးပွါးရေးလုပ်ငန်းစတင်မှု အား ပံ့ပိုးခြင်း၊လုပ်ငန်းလည်ပတ် ရန် ပူးပေါင်းဆောင်ရွက်ခြင်း စသည့် ဝန်ဆောင်မှုများကို မြန်မာကောင်းသုတကုမ္ပဏီမှ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးပါမယ်။

ကျွန်မလုပ်ကိုင်ခဲ့သောလုပ်ငန်းများ၏သဘောသဘာဝအရ မြန်မာအစိုးရ၏ဝန်ကြီးဌာနများစွာနှင့် ဆက်ဆံလုပ်ကိုင်ဖြတ်သန်းခဲ့ရဖူးပါတယ်။ အဲဒီ့ အတွက်ကြောင့် မြန်မာစီးပွါးရေးလောက၏ အရေးပါလှသော ရုံးသုံးမြန်မာစာအသုံးအနှုန်း/ပုံစံများကို နှံ့စပ်သိရှိခဲ့ရပါတယ်။ မြန်မာဘာသာစကားဆိုတာ တကယ်တော့ အလွန်လေးနက်သိမ်မွေ့သော ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် စီးပွါးရေးကိစ္စများ ဆွေးနွေးညျှိနှိုင်းခြင်း၊ အကျိုးတူဆောင်ရွက်မည့် စီးပွါးဘက်များနှင့် ရင်းနှီးမှုတည်ဆောက်ခြင်း များတွင်လည်း သူ့နေရာနဲ့သူ အဆင့်အတန်းထားရှိပြီး မြန်မာဘာသာစကားကို သင့်မြတ်လျော်ကန်စွာသုံးတတ်ဘို့ ရာ အင်မတန်လိုအပ်လှပါတယ်။ အဲဒီလိုအချက်များအပြင် ဂျပန်တို့၏ စီးပွါးရေးအမူအကျင့်များကို သိကျွမ်းထားသည့်အတွက်ကြောင့် ဂျပန်နှင့်မြန်မာစီးပွါးရေးလုပ်ငန်းရှင်များ တစ်ဘက်နှင့် တစ်ဘက် အဆင်ပြေချောမွေ့စွာ ဆက်ဆံပြောဆိုနိုင်တဲ့ ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးနိုင်ပါတယ်။

အဲဒါတွေ အပြင် ရင်းနှီးမြှုပ်နှံမှုများမစမီ ကြိုတင်လေ့လာစမ်းစစ်ခြင်း၊ အကျိုးတူဆောင်ရွက်မည့်စီးပွါး ဘက်ရှာဖွေခြင်း၊ ကုမ္ပဏီလုပ်ငန်းစတင်တည်ထောင်ခြင်းများတွင် တွေ့ကြုံရမည့် အခက်အခဲများ ရှိပါက မြန်မာနှင့် ဂျပန်စီးပွါးရေးစနစ်ကွာခြားမှု၊ ယဉ်ကျေးမှုမတူညီမှုများနှင့်ပတ်သက်သည့် လက်တွေ့ ကြည့်ရှုသိရှိမှုပေါ်အခြေခံကာ မြန်မာလူမျိုးတစ်ယောက်၏ ရူ့ထောင့်မှ စေ့စပ်စွာအကြောင်းရင်း ကိုရှင်းလင်းတင်ပြနိုင်တဲ့ အပြင် ၊ ပိုမိုကောင်းမွန်စေရန်မည်သို့ပြင်ဆင်သင့်ကြောင်းများကိုလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။

ထပ်မံ၍လည်း ဂျပန်နိုင်ငံအနေဖြင့်လည်း ဦးစားပေးလုပ်ငန်းအစီအစဉ်များ ၊ လိုလားချက်များရှိ ကောင်းရှိနိုင်သည့်အတွက် ကြောင့် မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မည့်ဂျပန်ကုမ္ပဏီများ လုပ်ဆောင်ရန်လိုအပ်သော လုပ်ငန်းဆောင်တာအဆင့်ဆင့် ကို နှံ့စပ်သေချာစွာစီစဉ် ဆောင်ရွက် လုပ်ကိုင်ပေးပါမယ်။

အင်အားကြီးမားတဲ့ ကုမ္ပဏီကြီးတစ်ခုမဟုတ်သော်ငြားလည်း ကျွန်မနှစ်သက်တဲ့ ဂျပန်နိုင်ငံ ရဲ့ စီးပွါးရေးလုပ်ငန်းရှင်များ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လုပ်ငန်းကိစ္စအဝ၀တွင် အကူအညီဖြစ်စေသလို တစ်ဘက်ကလည်း အမိမြန်မာပြည်ရဲ့ တိုးတက်မှုအတွက် အထောက်အကူ ဖြစ်ခဲ့မယ်ဆိုပါက ကျွန်မရဲ့ ဝမ်းသာမှုဟာ အတိုင်းထက်အလွန်ဖြစ်ပါတော့တယ်။

အေးမွန်မြတ်
Managing Director